ရေးသားသူ - Jack Daniel
မူရင်းပိုစ် - Soccer Guides Page
Football is the game တဲ့…
ဒီစကားလုံးကို ကျွန်တော် တကယ်မနှစ်သက်ဘူး…
Game ဆိုတာ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကို အချိန်အတိုင်းအတာတစ်ခုထိပဲ တည်ရှိနေတာ… ပြိုင်ဆိုင်မှုမှာ အကြောင်းပြချက်မျိုးစုံနဲ့……
တကယ်တော့ ဘောလုံးကစားခြင်းဟာ အနုပညာတစ်ခုပါ… Game ဆိုရင်တောင် ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ရသမျိုးစုံ ပေးစွမ်းနိုင်တဲ့ အနုပညာဆန်တဲ့ game တစ်ခု…… ပျော်ရွှင်မှုတွေပါမယ်… ဝမ်းနည်းစရာတွေ နာကျင်စရာတွေ … အံ့သြမှင်သက်စရာတွေ အတိနဲ့…
တခါက ဘရားဇီးလ်သား ရော်ဘင်ဟို ရဲ့ပရိတ်သတ်တစ်ယောက်က ပြောဖူးတယ်… " ကျွန်တော်တို့ ဘရားဇီးလ်သားတွေ ခံယူထားတဲ့ ဘောလုံးကစားတယ်ဆိုတာ အနုပညာတစ်ခု" တဲ့…
Football is the art. ဘောလုံးဟာ အနုပညာဖြစ်တယ် … အရမ်းလှတဲ့ ဝေါဟာရတစ်ခုပါ… ကျွန်တော်တို့ ရုပ်ရှင်တွေကြည့်ကြတဲ့အခါ အနုပညာကို ရသဆိုတဲ့ ပေတံနဲ့ တိုင်းတာကြည့်ကြသလိုပဲ… ဘောလုံးမှာလည်း အင်မတန်လှပတဲ့ ရသအများကြီးပေးနိုင်စွမ်းတဲ့ အနုပညာရိုက်ချက်တွေရှိတယ်…
နေမာလို ကစားသမားမျိုးက ဂျာစီပေးလို့ ဝမ်းသာလုံးစို့သွားတဲ့ ကလေးရဲ့ မျက်ဝန်းပေါ်က မျက်ရည်စတွေ…
Selfie ရိုက်ချင်လို့ ဒိုလေးဆီပြေးလာတဲ့ လူတစ်ယောက်ရဲ့ မျှော်လင့်ချက် အားအင်တွေ… နောက်ပီး ရွှေဖိနပ်ကိုမမက်မောပဲ ဒုက္ခသည်တွေကို ပေါင် 1.5 M လှူခဲ့တဲ့ စိတ်ဓာတ်တွေ…
နိုင်ငံတွင်းမှာ ငလျင်ကြောင့် သေကြေပျက်စီးနေတာကို ကမ္ဘာ့ဖလားမှာ ပထမဆိုတာကို ရယူပေးပီး အမိနိုင်ငံအတွက်ပါလို့ ပြောနေရင်း ရှိုက်ကြီးတငင် ငိုကြွေးနေကြတဲ့ ဂျပန်အမျိုးသမီးတွေ…
ဒါတွေက အနုပညာတွေပါ … ကျွန်တော်တို့ကို ဝမ်းနည်းမှုဖြစ်စေတယ် ပျော်ရွှင်စေတယ် … ရုပ်ရှင်တွေထဲကလို ဟန်ဆောင်နေကြတဲ့ မျက်နှာမျိုးတွေမဟုတ်ပါဘူး……
ယူနိုက်တက်နဲ့ ရီးရဲယ်ပွဲမှာ ဇီဒန်းရဲ့ ဘော်ဒီဖိန့်ကြောင့် နောက်ကောက်ကျခဲ့တဲ့ ဘက်ခမ်းရဲ့ ပုံစံကို ကြည့်ပီး ဟာ ခနဲ အံ့သြခဲ့ရဖူးတယ် ဘာဘာတော့ဗ်ရဲ့ Ball accepting တွေကြည့်ရင်း အားကျခဲ့ရဖူးတယ်… ဝိန်းရဲ့ ကွင်းလယ်ကနေ ဂိုးထဲကို တိုက်ရိုက်သွင်းခဲ့တုန်းက လက်ခုပ်တီးမိတဲ့ စာဖတ်သူတွေရင်ထဲက ပီတိကလည်း အနုပညာတစ်ခုပါ…
UCL Final မှာ သူ့ကြောင့်ရှုံးသွားလို့ အသင်းဖော်တွေနဲ့ ပရိတ်သတ်တွေကို မျက်ရည်စတွေနဲ့ တောင်းပန်ခဲ့တဲ့ ဂျွန်တယ်ရီကိုကြည့်ပီး သနားခဲ့ဖူးတယ်… မက်ဒရစ်ကို နှုတ်ဆက်ခဲ့တဲ့ ကားဆီးလက်စ်ရဲ့ အငိုမျက်လုံးတွေကြားမှာ ကြက်သေ သေခဲ့ဖူးတယ်…
သူဘာသာသူ ပစ်လဲတာပါ… သူ foul လုပ်ခံရတာမဟုတ်ပါဘူးဆိုပီး ဒိုင်ပေးတဲ့ ပင်နယ်တီကို ဘေးကို လွဲကန်ခဲ့တဲ့ တော့တီ ကိုကြည့်ပီး လေးစားခဲ့ဖူးတယ်… ဂိုးရှေ့ကို ရောက်ပီးလို့ ဂိုးထဲကန်ကာနီးမှ ပြိုင်ဘက်က ဒဏ်ရာအကြီးအကျယ်ရလို့ ဂိုးဘေးကို တမင်လွဲကန်ခဲ့တဲ့ ဒီကာနီယို ရဲ့ လုပ်ရပ်ကို ဘာမှမသိပဲ အံ့သြခဲ့ဖူးတယ်…
EL Classio ပွဲက ဒိုကြီးရဲ့ ကျိန်းသေမယ့် ဂိုးကို ရင်ဘတ်နဲ့ ကာကွယ်ခဲ့တဲ့ ပူးယိုးလ်ရဲ့ ခေါင်းဆောင်စိတ်ဓာတ်တွေ… အသင်းဂိုးမပေးရရင်ပီးရောဆိုပီး အသားနာခံကာ ခြေထောက်နဲ့ ကန်တဲ့ ဘောလုံးကို ခေါင်းထိုးခံပေးခဲ့တဲ့ ဖီးလ်ဂျုံးတို့ကိုကြည့်ပီး ဘောလုံးဆိုတာ အင်မတန် လေးစားစရာကောင်းတဲ့ စိတ်ဓာတ်နဲ့ လူသားတွေ ရိုက်ကူးတဲ့ အနုပညာတစ်ရပ်လို့မြင်မိတယ်…
ကျွန်တော်တို့ စိတ်ထဲမှာ ကျိန်းသေဂိုးပီလို့ သတ်မှတ်ခဲ့တဲ့ ဘောလုံးတွေကို ပါးစပ်အဟောင်းသား ဖြစ်သွားအောင် ဂိုးစည်းပေါ်က ဖြတ်ထုတ်ပြခဲ့တဲ့ ဘယ်လာရင် ဒေးဗစ်လုဇ် ဝိန်း ပီကေး နဲ့ သီယာဂိုဆေးဗားလ်တို့လို ကစားသမားတွေကိုကြည့်ပီး ပြောစရာစကားလုံးမရှိတော့တဲ့ အခိုက်အတန့်တွေ…… ငှက်မြန်လေးဆိုပီး နာမည်တစ်လုံးနဲ့ လျင်မြန်ခဲ့တဲ့ မိုက်ကယ်အိုဝင်ရဲ့ ခြေလှမ်းတွေ…… သူဝင်လာတာနဲ့ ဘာတွေလုပ်ပြဦးမလဲလို့ မျှော်လင့်ချက်မျက်ဝန်းတွေကို အရောင်တောက်စေခဲ့တဲ့ ဆိုးလ်ရှားရဲ့ အဆုံးသတ်ဂိုးတွေ…
အို …… ပြောရရင် ကုန်မယ်တောင် မထင်…
ဒါ ဘောလုံးကစားခြင်းပါပဲ ဒါ အနုပညာပါ.…… ကမ္ဘာ့ဖလားမှာ အင်္ဂလန်ဘက်ကို Slow -Kick နဲ့ ပင်နယ်တီကို သွေးအေးအေးနဲ့ သွင်းသွားတဲ့ ပီယာလိုကိုကြည့်ပီး ဒေါသထွက်ခဲ့ရသလား ဒါမှမဟုတ် လက်ခုပ်တီးပီး ဂုဏ်ပြုခဲ့မိသလား…
ယူရို ဗိုလ်လုပွဲတုန်းက အဝတ်လဲခန်းမှာ ဒိုလေး ပြောခဲ့တဲ့စကားကို နားထောင်ဖူးရင် စာဖတ်သူတွေ စိတ်ထဲမှာ ဝမ်းနည်းမျက်ရည်တော့ ကျမိကောင်းပါရဲ့… ဒဏ်ရာရသွားချိန်မှာ ငါ့နိုင်ငံအတွက် ငါ ဘာမှ မလုပ်ပေးနိုင်တော့ဘူးဆိုပီး ငိုကြွေးခဲ့တဲ့ သူ့ကိုကြည့်ပီး ခံစားရမယ်ထင်ပါတယ်…
`` ငါ့ဘဝမှာ ငါရနိုင်သမျှ ဆုဖလားတွေ အကုန်ရခဲ့ဖူးတယ် … ငါအရမ်းပျော်ခဲ့ရတယ်… ဒါပေမယ့် ဒီဆုဖလားကို ငါမရဖူးဘူး… ငါလိုချင်တယ်… ငါ့အတွက်မဟုတ်ပါဘူး… ငါ့နိုင်ငံအတွက် ငါ့ပြည်သူတွေအတွက်ပါ""တဲ့ … ငွေကြေးနဲ့ ဆော့ကစားနေတဲ့ ဒီလိုခေတ်မှာ ဘောလုံးကို ချစ်လို့ မြတ်နိုးလို့ တန်ဖိုးထားလို့ ယှဉ်ပြိုင်နေတဲ့ ကစားသမားတွေကိုကြည့်ရင်း အားတက်စရာတွေ ပျော်ရွှင်စရာ ရသအဖုံဖုံ ကြုံရပါတယ်… တကယ်တော့ ဒါဟာ ရုပ်ရှင်တွေထဲမှာတောင် ဟန်လုပ်လို့ သရုပ်မပြနိုင်တဲ့ တကယ့် အနုပညာစစ်တွေပါ……
Chapacoense အသင်းလေယာဉ်ပျက်ကျတဲ့ သတင်းကိုဖတ်ပီး စိတ်မကောင်းဖြစ်ခဲ့ဖူးတဲ့ အခိုက်အတန့် ဘောလုံးကို ချစ်မြတ်နိုးသူတိုင်းမှာရှိတယ်
တစ်သင်းနဲ့ တစ်သင်းရန်ဖြစ်ရင် ဟိုးအဝေးကြီးကနေ မခံချင်စိတ်နဲ့ ဒေါသဖြစ်ခဲ့ရတဲ့ ညတွေ ရှိတယ်…
မိမိချစ်တဲ့ ကစားသမားဒဏ်ရာရသွားတဲ့ ဆွံ့အသွားတဲ့ ပရိတ်သတ်တွေရဲ့ မျက်နှာပေါ်က ကရုဏာအရိပ်အယောင်တွေ…
ကျွန်တော်တို့ ဘောလုံးပွဲစကြည့်ကာစက ဒင်ဟို ဘက်ခမ်း ကားလိုစ်တို့ရဲ့ ဖရီးကစ်တွေမှာ မေ့မြောခဲ့ဖူးပါတယ်… ဂျူနင်ဟိုပါတယ်ဟေ့ ရွန်းနီပါတယ်ဟေ့ ဆိုတာနဲ့ မလွတ်တမ်းကြည့်ရှုခဲ့ကြတယ်…
အွန်နရီဆိုတာနဲ့ ဂိုးဧရိယာထဲမှာ ဘယ်လိုသွေးအေးအေးနဲ့ လှည့်စားတော့မလဲ မျှော်လင့်ခဲ့ဖူးတယ်…သားငယ်ကို လက်ကဆွဲရင်း ကွင်းထဲဝင်လာတဲ့ မက်ဆီနဲ့ သူ့မိန်းမကိုကြည့်ရင်း မိသားစုဘဝကို အားကျခဲ့ဖူးတယ်… မာလာဂါနဲ့ ပွဲမှာ သူ့ကို ပြေးဖက်ပီး နမ်းရှိုက်ခဲ့တဲ့ ကလေးကို ဂျာစီပေးခဲ့တဲ့ ပရိတ်သတ်ကို တန်ဖိုးထားတဲ့ စိတ်ဓာတ်တွေကို လေးစားခဲ့ရဖူးပါတယ်…… ကလေးငယ်တွေရဲ့ ခြေထောက်က ဖိနပ်မှာ လက်မှတ်ထိုးပေးခဲ့တဲ့ … selfie ရိုက်မယ့် ပရိတ်သတ်ရဲ့ ဖုန်းပြဿနာကို စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့တဲ့ စီရော်နယ်ဒိုတို့ကိုကြည့်ပီး စံပြအဖြစ်ထားခဲ့ဖူးတယ်…
ဒင်ဟိုရဲ့ ခြေထောက်ကို ဖက်နမ်းပီး ရှိခိုးခဲ့တဲ့ ဘရာဇီးလ်ပရိတ်သတ်တွေကြည့်ပီး အော် သူတို့က ဘောလုံးကို ဒီလောက်အထိ ရူးသွပ်တာပါလားလို့ တွေးခဲ့ဖူးတယ်…
သေချာပါတယ် မိတ်ဆွေ…
သင်ဟာ တကယ့် ဘောလုံးအားကစားကို မြတ်မြတ်နိုးနိုး အားပေးခဲ့သူဖြစ်ပါလျှင် …
သင်ဟာ ဘောလုံးအားကစားကို အနုပညာတစ်ရပ်လို ခံစားတတ်ခဲ့ပါလျှင် ……
လာပါ… ရွှေဘောလုံးဆုပေးပွဲက မက်ဆီတို့ ဒိုလေးတို့နဲ့သူ့ရဲ့ ဖန်တွေလို မျက်ရည်ကျဖူးခဲ့ပါလျှင်…
ကိုယ့်အသင်းရဲ့ အောင်မြင်မှုတွေကို ဝမ်းသာခဲ့တတ်ပါလျှင်… နောက်ဆုံးပင်နယ်တီတွေနဲ့ ဆုဖလားကိုင်မြောက်ချိန်မှာ ရင်ထဲ တလှပ်လှပ်နဲ့ ရင်ခုန်သံတွေ မြန်နေခဲ့ပါလျှင်……
ကိုပါ ဗိုလ်လုပွဲက ဆန်းချက်ရဲ့ နောက်ဆုံးပင်နယ်တီကိုကြည့်ခဲ့ဖူးလျှင်…
ယူရိုပွဲက ဒိုလေးရဲ့ မျက်ရည်စတွေမှာ သင် စိတ်တွေ ယိမ်းယိုင်ခဲ့ဖူးလျှင်……
သေချာပါတယ် မိတ်ဆွေ…
သင်လည်း နှလုံးသားတစ်ခုနဲ့ အနုပညာတစ်ရပ်ကို ခံစားတတ်သူပါ… ဘာအတွက်ကြောင့် ကျွန်တော်တို့တွေ ငြင်းခုန်နေကြမလဲ… ဘာအတွက်ကြောင့် ရန်ဖြစ်ကြမလဲ…… ဘာအတွက်ကြောင့် ဝေဖန်နေကြမလဲ……
ရခဲလှတဲ့ လူ့ဘဝ ခဏတာမှာ လှပတဲ့ အနုပညာတစ်ခုကို ရသစုံ ခံစားကြည့်ရှုတတ်မယ်ဆိုရင် သင်သည်လည်း ဘောလုံးရုပ်ရှင်ရုံက အနုပညာရှင်တစ်ယောက်မဟုတ်တောင် ဘောလုံး အနုပညာကို လေးစားတတ်ဖိုးထားတဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်လုံးဝ အာမခံရဲပါတယ်…
Football is the art ပါ…
ကျွန်တော်တို့ အသက်ရှင်နေသမျှ မြင်တွေ့နေရဦးမယ့် အနုပညာတစ်ရပ်ပါ…
ဒီလိုနဲ့ အသက်တွေကြီးလာရင်း ဘောလုံးဇာတ်ခုံပေါ်မှာ ကျွန်တော်တို့တတွေ ပျော်ရွှင်ရင်း ငိုကြွေးရင်း အံ့သြဝမ်းသာမှုတွေနဲ့ ပြည့်နက်နေတဲ့ လူ့ဘဝထဲက ပျောက်ကွယ်သွားခဲ့ရင်တောင် ဘောလုံးကစားခြင်းအနုပညာကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး… မိတ်ဆွေ…
တကယ်တော့ ဘောလုံးအားကစားဟာ အနုပညာတစ်ခုပါ
#JD(SoccerGuidesMM)
No comments:
Post a Comment