Friday, February 15, 2019

ဖာဆန်တဲ့သူငယ်ချင်းများသို့ ================== သူငယ်ချင်းတစ်ချို့ အရင်လိုမဟုတ်မှန်း သိလာတယ် ဘာမှန်းမသိတဲ့အချက်ကို ဘာကြောင့်မကြိုက်ကြပီး ဘာလို့များ မခေါ်နိုင်မပြောနိုင်ဖြစ်သွားရသလဲ ? လူတချို့ကလည်း ကိုယ်ပြောတဲ့စကားမှန်သမျှ စိတ်ထဲ အရမ်းထည့်ထားကြတာသိရတော့ ရယ်မိတယ် … ကိုယ်က ပြောပီးရင် မေ့ပစ်တတ်တဲ့ လူစားမျိုး … စိတ်ထဲ အမှိုက်တွေသိပ်မထည့်ဘူး… Neglect ပဲ သူက ငါ့ကို ဘယ်လိုပြောထားတယ်ဆိုတာကြီးကို သတိရတိုင်းပြန်ပြောတော့ရော ဘာထူးမှာမို့လဲ ? တချို့က ကိုယ့်ထက်သာတယ်လို့ခံစားရတဲ့အခါ (တကယ်က သာချင်မှသာမှာ နိမ့်ချင်နိမ့်နေနိုင်တယ်) အဲဒီလူအပေါ် မနာလို ဝန်တိုစိတ် အငုံ့စိတ်နဲ့ ဒီကောင်က ဘယ်လို ဘာညာနဲ့ ဖာကျပီး နောက်ကွယ်မှာ ဟိုလူ့ပြော ဒီလူပြောနဲ့ သူပြောသမျှလူတွေက ကိုယ့်ကိုပြန်ပြောပြတော့ ပြုံးပြရုံလေးတော့ ပြုံးပြမိပါရဲ့လေ …………… ခင်ဗျား စိတ်မှာ လူတိုင်းကို အကောင်းမြင်ဖို့အတွက် နှစ်ခုလုပ်လို့ရတယ်… Care or Neglect? ဂရုစိုက်နေမလား လျစ်လျူရှုလိုက်မလား ? အမြင်မတူတာတွေကို လိုက်ညှိမနေနဲ့ … ခင်ဗျားဖက်ကကြည့်ရင် ခင်ဗျားဟာ မှန်နေမှာပဲ… တခြားသူဖက်မှာလည်း သူ့အမြင်က မှန်နေမှာပဲ… အခုလောလောဆယ် ကြုံနေရတာကတော့ ကိုယ့်နောက်ကွယ်မှာ မဟုတ်တာတွေလုပ်ထားပီး ကိုယ့်ကို မခေါ်ရဲ မပြောရဲတဲ့ သူငယ်ချင်းတချို့ပါပဲ… ကြည့်ရင်း သနားမိတာက သူတို့ဘာသာ ယုတ်မာပီး ကိုယ့်ကိုရှိန်ပီး မခေါ်ရဲ မပြောရဲဖြစ်နေတာမျိုး… လိပ်ပြာမလုံတဲ့သူတွေက သွေးလန့်နေတတ်တာလေ…


from Facebook http://bit.ly/2TTeQco
via IFTTT

No comments:

Post a Comment