Wednesday, March 13, 2019

ငယ်ငယ်ကလို အကိုကြီးရဲ့ စက်ဘီးနောက်မှာ လိုက်စီးချင်တယ်… ဘတ်ထရီအိုးလေးကို အားသွင်းဆိုင်ကအပြန် တင်လာရတော့ ညီလေးကို အရှေ့ဘားတန်းမှာ တင်ပီး နင်းတာ ခံချင်တယ်… ယူနိုက်တက်ပွဲတွေဆို မိုးထဲ ရေထဲ ရှစ်ပေစလောင်းရှိတဲ့ အိမ်တွေကို အောက်ကျခံသွားကြည့်ချင်တယ်… ညီလေးငိုနေတယ်ဆိုရင် ဆယ်တန်းအခန်းကနေ ငါးတန်းအခန်းဆီကို အပြေးလာတတ်တဲ့ အကိုကြီးကို ချစ်တယ်… အကိုကြီးက ဒုတိယအဖေဆိုလည်းဟုတ်တယ်… အခုတော့ တို့ညီအကို မျက်နှာချင်းဆိုင်ထိုင်ပီး ဘီယာခွက်တွေ တိုက်ပီး Cheer လုပ်ခွင့်ပေးတဲ့ ကိုကြီးကိုချစ်တယ်… ဝမ်းနည်းတာတစ်ခုက ကိုကြီးနဲ့ အဖေ အမေတို့နဲ့ ညီလေး တွဲရိုက်ထားတဲ့ ဓာတ်ပုံ တစ်ပုံမှ မရှိခဲ့တာပဲ… ဒါက ရှားရှားပါးပါးတစ်ပုံ… တည်ငြိမ်တယ် ရိုးတယ် အေးတယ် စီးပွားရေးကို ဘယ်လိုရှာရမလဲဆိုတာ ဥာဏ်အရမ်းပြေးတဲ့ ကိုကြီး… အဖေတို့ အမေတို့ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့သူ… အလုပ်သမား ရာချီစာရင်းရှင်းရင် ခေါင်းအေးအေးနဲ့ ပါးစပ်တွက် မြန်မြန်တွက်တတ်တဲ့ကိုကြီး… သူ့အတွက် ဂဏန်းလေးလုံးလောက်ပေါင်းနှုတ်မြှောက်စားက ကယ်ကူလေတာ မလိုဘူး… အဖေက ပြောတယ်.… ဗိုလ်ချုပ်အောင်ဆန်းနာမည်က ထိန်လင်းတဲ့…သူ့အကိုက အောင်သန်းမို့လို့ နာမည်ဆင်တူအောင် အောင်ဆန်းလို့ မှည့်ခဲ့တာဆိုပဲ… အာ့ကို အဖေ့ရဲ့ အမေ သားတို့ အဘွားက အကိုကြီးနာမည် ကျော်ဇေယျ (ကျော်ဇောထင်ရှားခြင်း)နဲ့ နာမည်ဆင်တူဖြစ်အောင် နာမည်ပေးခဲ့တာတဲ့လေ…ကိုကြီးကို ချစ်တယ်… ဒါပေမယ့် ကိုကြီးကို ချစ်တယ်လို့ တစ်ခါမှ မပြောဖြစ်ခဲ့ဘူး… ကိုယ့်ရဲ့ ဒုတိယအဖေ…


from Facebook https://ift.tt/2T5UH1w
via IFTTT

No comments:

Post a Comment