Sunday, March 31, 2019

ယူနိုက်တက်နဲ့ ပက်သက်တာဆို ဘာမှမရေးဖြစ်တော့ဘူး… သိပ်လည်း စိတ်မဝင်စားမိဘူး… အရင်လို ဆောင်းပါးတွေ သတင်းတွေ စိတ်ဝင်တစားလိုက်မကြည့်မိဘူး… ကိုယ်လုပ်ဖြစ်တာဆိုလို့ တစ်နေ့ နှစ်ခေါက်လောက် Official app ထဲ ဝင်တယ်… ပြန်ထွက်တယ်… သူများရေးတာ စိတ်ဝင်စားရင် ဖတ်တယ်… စိတ်မဝင်စားရင် ကျော်တယ်… ယူနိုက်တက်ပွဲရှိရင် ကြည့်တယ်… ဖောင်းမထုဖြစ်တော့ဘူး… ချီးမွန်းခန်းမဖွင့်တော့ဘူး… နေရထိုင်ရတာ အဆင်ပြေသွားတယ်… ဂိမ်းဆော့တယ်… စာဖတ်တယ်… အလုပ်လုပ်တယ်… ဘောလုံးတောင် မကန်ဖြစ်တော့ဘူး… အရင်လို အသုံးဝင်စာတွေ မရေးဖြစ်ဘူး…ကိုယ့်ပိုစ်တွေလည်း သူများတွေ သိပ်မမန့်ကြတော့သလို အရင်လို လူတိုင်းကိုလည်း လိုက်မန့်မနေတော့ဘူး… ကိုယ်ခင်မင်တဲ့သူတချို့နဲ့ စိတ်ဝင်စားတဲ့ ပိုစ်လောက်ပဲ မန့်တော့တယ်… လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကနဲ့ တော်တော်ကွာခြားသွားတယ်… ကိုယ့်အဖွဲ့နဲ့ စကားပြောရတာပျော်လို့ဆိုတဲ့ ညီမတွေရော အဲဒီအဖွဲ့ရော သိပ်မဆက်ဆံဖြစ်တော့ဘူး… ခရီးမထွက်ဖြစ်တာကြာတော့ ခရီးတော့ ထွက်ချင်တယ်… တစ်ယောက်တည်း တစ်နေရာရာကို သွားမယ်… တောင်တန်းတွေရှိတဲ့ တစ်နေရာရာပေါ့… တောင်ကုန်းအမြင့်လေးမှာ ထိုင်မယ်… လေညှင်းခံမယ်… မွန်းကြပ်သမျှ ပြေပျောက်တဲ့အထိ နေမယ်… ညဖက်ဆို ဘီယာလေးသောက်ပီး Movie ကြည့်မယ်… တစ်လအတွင်းဖြစ်ရမယ်…


from Facebook https://ift.tt/2CWFMlh
via IFTTT

No comments:

Post a Comment