Soccer Guides
Tuesday, April 2, 2019
ယူနိုက်တက်ကစားသမားတွေအကြောင်းပြောရင် ငယ်ငယ်က အဖေပြောခဲ့တာ သတိရသွားတယ်… မြို့နယ်ပွဲတွေကန်တော့ ရပ်ကွက်နဲ့ကျေးရွာကိုယ်စားပြုကန်ပေးဖို့ လာခေါ်တဲ့အသင်းတွေရှိတယ်… ကိုယ်က ကမာကလူဆိုတဲ့ ရွာကို ကိုယ်စားပြုကန်တယ်… တတိယရလိုက် ဒုတိယရလိုက်နဲ့ တိုင်ပတ်… ကိုယ်ပဲ ရုန်းကန်ခဲ့ရတာ… အကောင်းဆုံးပါဆိုတဲ့ အသင်းတွေကို ကိုယ်ပဲ နိုင်အောင် ကန်ခဲ့တယ်… ဒါပေမယ့် ဘာမှမဖြစ်လာခဲ့ဘူး… ဒီတော့ အဖေကပြောတာပေါ့… မင်း ဘာမှမဖြစ်နိုင်တဲ့အသင်းမှာ ကန်မယ့်အစား ဖလားရနိုင်တဲ့အသင်းကိုပြောင်းကန်ပါလားတဲ့… သူပြောချင်တာက ဖလားမရမယ့်အသင်းမှာကန်ပီး မင်းအသင်းက ဘာမှမရဘူးလို့ အပြောခံမယ့်အစား နာမည်အပျက်ခံမယ့်အစား လူကောင်းတွေနဲ့စုထားတဲ့ ဖလားရနိုင်တဲ့အသင်းမှာ ကန်ရင် ပိုနာမည်တက်တာပေါ့တဲ့… ဒါအမှန်ပဲ… တချို့တွေဟာ သံယောဇဉ်တွေ သစ္စာတွေကို ထောက်ထားပီး အသင်းတစ်သင်းမှာပဲ ဖက်တွယ်နေကြတယ်… ငဒိုသာ မက်ဒရစ်ကို မပြောင်းခဲ့ရင် ဒီနေ့အထိ အောင်မြင်နေတဲ့ငဒို ဖြစ်ချင်မှ ဖြစ်မှာ… သူပြောင်းသွားလိုက်တာလည်း သူ့အောင်မြင်မှုတွေအတွက် အကောင်းဆုံးဆုံးဖြတ်ချက်ပဲ… လက်ရှိအခြေအနေမှာလည်း ပေါ့ဘာ ဒီဟေး တို့လို ထိပ်တန်းစာရင်းဝင်ကစားသမားတွေဟာ ဒီလို ဘာမှဖြစ်မလာနိုင်သေးတဲ့ မအောင်မြင်နိုင်သေးတဲ့အသင်းမှာ နေပီး တစ်နေ့အောင်မြင်လာနိုး မျှော်လင့်ပီး အသက်ကြီးခံမယ်လို့တော့ မထင်နဲ့… လစာ ပြောင်းရွှေ့ကြေး အစစ အရာရာ ယူနိုက်တက်ထက် ပိုပေးမယ့်အသင်းတွေ တန်းစီနေတဲ့အချိန်မှာမှ သူတို့ ငဒိုလိုဆုံးဖြတ်ချက်မချနိုင်ရင် ပိုကောင်းတဲ့အသင်းကို ရွေးချယ်ခွင့်မရှိသလို ပိုပီးများပြားတဲ့ အခွင့်အရေးတွေလည်း ရမှာမဟုတ်တော့ဘူး… တစ်ခါတစ်လေမှာ အောင်မြင်မှုကိုလိုချင်ရင် သစ္စာတွေ မေတ္တာတွေကို ဘေးဖယ်ထားသင့် ထားရမှာပဲ… ဒီအသင်း ဒီလူ ဒီအဖွဲ့အစည်းနဲ့ ချက်ချင်းသာ မပြင်နိုင်ရင် နောက်နှစ်နှစ်လောက်နေရင် သမိုင်းတစ်ခုကလွဲလို့ လက်ရှိ ခြေစွမ်း အောင်မြင်မှု ကစားသမားအင်အားတွေမှာ စီးတီးကို မော့ကြည့်ရတော့မှာ အသေအချာပဲ… လီဗာပူးလ်တောင် EPL ကို ပြန်စိန်ခေါ်နိုင်တဲ့အချိန်ရောက်နေပီ… ကိုယ့်အသင်းက ဒုတိယလီဗာပူးလ်ဖြစ်ဖို့အတွက် တစ်ဖြည်းဖြည်း နီးလာပီထင်ပါရဲ့…
from Facebook https://ift.tt/2TRzo48
via
IFTTT
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
ကျွန်တော်သာ ပန်းဖြစ်၍ … နောက်တစ်ကြိမ် ပြန်ပွင့်ခွင့်ရခဲ့သော် … #တာရာမင်းဝေ
from Facebook https://ift.tt/2TYtezu via IFTTT
အရမ်းပြင်းတဲ့ကန်ချက်တွေကို ဘယ်လိုကာကွယ်မလဲ?
Goal-keeper ( Futsal & Football ) ========================= အရမ်းပြင်းတဲ့ကန်ချက်တွေကို ဘယ်လိုကာကွယ်မလဲ? *****************************...
The Arts Of Football
The Arts Of Football …………………………………………………………………… ရေးသားသူ - Jack Daniel မူရင်းပိုစ် - Soccer Guides Page F...
ငဒို တစ်ခုခုလုပ်ပြပီဆိုတာနဲ့ သူ့ထက်မညံ့တဲ့ စွမ်းဆောင်ရည်မျိုးပြတတ်တယ်… သူ့အတွက် ဘောလုံးကစားခြင်းက သက်တောင့်သက်သာအရမ်းဖြစ်တယ်… ဒါက Teammates တွေရဲ့ support ကြောင့်လည်းပါတယ်… ငဒိုကတော့ ဘယ်အသင်းရောက်ရောက် တစ်ယောက်တည်းရုန်းပေးရရှာတယ်… သူမရုန်းနိုင်တာနဲ့ အာ့အသင်းတိုင်ပတ်တာပဲ… သူက သနားဖို့ကောင်းတယ်… အဲဒီလို အခက်အခဲတွေနဲ့တောင် သူဘာကောင်ဆိုတာကို အကြိမ်ကြိမ်သက်သေပြနေတယ်… မက်ဆီကို ကိုယ်ကြိုက်ရတဲ့အချက်က Dribbling နဲ့ Vision ကြောင့်ပဲ… သူ့ကစားဟန်က ကိုယ်ကြိုက်နှစ်သက်တဲ့ ကစားဟန်… ငဒို နောက်တစ်ယောက်မပေါ်တော့ဘူးဆိုရင် မက်ဆီနောက်တစ်ယောက်လည်း မွေးဖွားလာမှာမဟုတ်တော့ဘူး… ညက လိုင်ယွန်နဲ့ပွဲမှာ ဆွာရက် ရေကူးလိုက်တဲ့ ပင်နယ်တီကို Panenka Kick နဲ့ လှပအံ့သြစရာကန်သွားတယ်…ပီယာလိုပီးရင် သူ့ကို ခိုက်တယ်… ညာခြေနဲ့ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးတယ်… ဘယ်ခြေနဲ့ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးတယ်…စုစုပေါင်း ငါးဂိုးမှာ လေးဂိုးက တိုက်ရိုက်ပက်သက်တယ်… ငဒိုကတော့ အထူးတလည်ဘာမှပြောစရာကို မရှိတာ… UCL ဆိုတာ ငဒိုရဲ့ပြိုင်ပွဲ… မက်ဆီရဲ့ ပွဲမဟုတ်ဘူး… ငဒို မကန်ပဲနဲ့ နှစ်နှစ်လောက်နားပေးရင်တော့ မက်ဆီမမီနိုင်သေးဘူး… ဘာညာစံချိန်တွေရွတ်ပြရင် မက်ဆီထက် ငဒိုက အသိသာကြီးကို သာတယ်… ဒါပေမယ့် ငဒို ဖောက်ထွက်ပြသလောက် မက်ဆီကလည်း ဖောက်ထွက်ပြနိုင်တယ်… မက်ဆီရဲ့ ကစားပုံက ကိုယ့်ကို ပိုဆွဲဆောင်နိုင်တယ်… မက်ဆီကို ပိုကြိုက်တယ်…
from Facebook https://ift.tt/2W1v3wX via IFTTT
No comments:
Post a Comment